ညောင်ရမ်းခေတ်သွင်းစာများ (၁၆)

on Tuesday, May 10, 2011
မြို့ကို ကျယ်အောင်ချဲ့လျှင် သင့် မသင့် သိလိုပါသည်။

ရေမြေ့ရှင်လျှောက်သည်ဆရာတော် ---
နန်းမြို့တော်ကို အရှေ့၊ အနောက်၊ တောင်၊ မြောက်နှစ်တာစီတိုး၍ ချယ့်မည်အကြံတော်ရှိသည်။ စက်တော်ခေါ်ရာတွင် မြင်မက်တော်မူသည်။ တခုသောတောင်ကို အမြစ်ပေါ်အောင်တူးစေသည်။ အမြစ်မပြတ်နိုင် ခိုင်ခံ့မြဲမြံသည်။ ဤအရာများသည် ပြောင်းချီသော်လည်းကောင်း၊ ချယ့်သော်လည်းကောင်း၊ အကြောင်း ၂-ပါးသည် အယူတော်အသို့ရှိမည်နည်း။ ကျယ်သည်အရာကိုသာ မခြုန်းသင့်၊ ကျည်းသည်အရာကို ကျယ်အောင်ချယ့်ခြင်းသည် သင့်ပါမည်လော။ လောကဓမ္မမှုကို သိသာအောင် မိန့်တော်မူပါဆရာတော်။ ။

(သပြေလှစား၊ ကြာပန်းညိုစားတို့ကို စေတော်မူသည်။)Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၁၅)

ရာဇမဏိစူဠာစေတီတော်ထီးတင်ရန် ထွက်တော်မူလျှင် ဧရာဝတီကို လှေတန်တားဖြင့် ကူးသင့် မသင့် သိလိုပါသည်

ရေမြေ့ရှင်လျှောက်သည်ဆရာတော် ---
သက္ကရာဇ် ၁၀၁၁-ခု၊ ကဆုန်လ္ဆန်း ၁၁-ရက်၊ ၁-နွေနေ့၊ ရာဇမဏိစူဠာစေတီတော်ကြီး ရွှေထီးတင်မည် အခါတော်ရှိသည်။ ရေမြေရှင်လည်း ထွက်တော်မူကြီး ဓာတ် ၄-ရပ် အကျင်းအပအစီအရင်နှင့် ထွက်တော်မူမည်။ ဧရာဝတီကို လှေတန်တားဖြင့် ကူးပါမည်သင့်သည် မသင့်သည်ကို မိန့်တော်မူပါဆရာတော်။
ရည်မှန်နှင့် အောင်မြတ်ကို စေတော်မူသည်။Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၁၄)

မြို့နယ်စသည်တည်ရန် ဌာဝရကိန်းရောက်နှစ် တွက်နည်းကို သိလိုပါသည်။

ရေမြေရှင်လျှောက်သည်ဆရာတော်---
ခမည်းတော်ဘ၀ရှင်မင်းတရားသည် သက္ကရာဇ် (၉၆၀)တွင် ဌာဝရကိန်းသင့်သည်၊ မြို့နန်းထီးကနက် ဆောက်စိုက်တော် မူသည်၊ ဌာဝရကိန်းကို မည်သို့တွက်သနည်း၊ ဌာဝရကိန်းသင့်သည်နှစ်က နှစ်မည်မျှရောက် ဌာဝရကိန်းဖြစ်ဦးမည်နည်း သိသာအောင် သွင်းတော်မူပါဆရာတော်။ ။
(သရက်ချိုစား၊ အင်းတပင်စားတို့ကို စေတော်မူသည်။)

Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၁၃)

မည်သည့်အခါ သက္ကရာဇ်ဖြိုကိန်းရောက်ပါမည် သိလိုပါသည်။

ရေမြေ့ရှင်လျှောက်သည်ဆရာတော်---
ကောဇာသက္ကရာဇ်ကို ဘေးတော် မိုးညှင်းမင်းတရားဖြိုသောခါ သက္ကရာဇ် ဖြိုကျိန်းမသင့်သည်ကို ဖြိုမှားချေ၍ ကိုယ်တော်အကျိုးပင် ယိုယွင်းသောအရာတို့ကို ရှေးမှတ်ထားသည်စာများကို မှူးမတ်တို့က သွင်းသည်။ သက္ကရာဇ်ဖြိုသည်ကား အဘဲကျိန်းသင့်မှ ဖြိုသည်၊ သက္ကရာဇ်ကိုဖြိုသော ရေမြေ့ရှင်တို့မှာ အဘယ်သို့ အကျိုးခံရမည်၊ မဖြိုပဲနေ၍ သုံးဆောင်သော် အဖြစ်မည်သို့ရှိမည်ကို သိသာအောင် စာသွင်း တော်မူပါဆရာတော်။ ။

Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၁၂)

ပထမ ဒုတိယ တတိယသင်္ဂါယနာတင်ချိန်တို့၌ ဖြစ်ပေါ်တိုးပွားသည့်မြို့ရွာစာရင်းကို သိလိုပါသည်။

ရေမြေရှင်လျှောက်သည်ဆရာတော် ---
သက္ကရာဇ် ကလိယုဂအတို(၂)ခု၊ ၀ါခေါင်လပြည့်နေ့ ဝေဘာရတောင်ရင်း ဇရဲပင်ကြီးတွင် ပထမသင်္ဂါယနာတင်ရာတွင် သင်္ဂါယနာဝင်မြို့၊ သက္ကရာဇ် ကလိယုကအတို(၅၇)ခု၊ ဘုရားသိခင်သာသနာတော် (၁၀၀)ပြည့်တွင် ဝေသာလီပြည်၌ ဒုတိယသင်္ဂါယနာတင်ရာတွင် သင်္ဂါယနာမြို့ရွာ၊ ပါဒလိပုဗ္ဗပူရတွင် တတိယသင်္ဂါယနာတင်ရာတွင် သင်္ဂါယနာဝင်မြို့ရွာတို့ကို ဆရာတော်သာ သက်တော်ရွယ်တော် လျှောက်ပတ်သည်။ အတိဂမ္ဘီရ နက်နဲတော်မူသည်။ သိသာအောင် စာသွင်းတော်မူပါ ဆရာတော်။

(သက္ကရာဇ် ၉၇၀-ခု၊ နယုန်လဆန်း ၅-ရက်နေ့ ဟံသာဝတီရွှေနန်းတော်က ဆရာတော်အနုရုဒ္ဓါ ကျောင်းတော်သို့ ကန်သာယာစား၊ ကန်ပေါက်စားတို့ကို စေတော်မူသည်။)

Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၁၁)

တိုက်ခုနှစ်တိုက် နေရာဌာနအပိုင်းအခြားကို ရှင်းပါရန်။

ရေမြေ့ရှင်လျှောက်သည်ဆရာတော်---

မဇ္ဈိမဒေသဟူသော ပါဒလိပုဗ္ဗပူရကိုအစိုးရသောသီရိဓမ္မာသောကမင်းကြီးလက်ထက် မြို့၊ တိုင်း၊ ခရိုင်၊ နိုင်ငံ နှင့်တကွအရေအတွက်(၈၄၀၀၀)ပွားရာက အကျည်းအားဖြင့်နှုတ်သော အရှေ့ဘက်တိုက်၊ အနောက်ဘက် တိုက်၊ တောင်ဘက်တိုက်၊ မြောက်ဘက်တိုက်ဝင် စချီစမြင် ကလံသံနှင့် မြေတိုင်းမြေထိန်းရှိသော မြို့ရွာတို့သည်ကား အဘယ်မျှ တတိုက်ဝယ်ဦးရေ မြို့ရွာရှိသနည်း။ တွင်းသင်းတိုက်၊ မဟာဒါန်တိုက်၊ ဆင်ကြေးတိုက်ဟူသော (၇)တိုက်၊ သရေခေတ္တရာ (၇)တိုက်၊ ဖျင်တ (၄)တိုက်၊ သန်လျင်ရှမ်း ရ-ရွာ၊ ပြည်မြို့ပေါက်ဟူ၍ ရှိသည်အရာများကို ရှေးပြုစုတည်ထားရင်းနှင့်တကွ သိချင်ပါသည်။ သိမှတ်သားအောင် စာသွင်းတော်မူပါဆရာတော်။ ။
(ထီးပေါင်းကားစား၊ တောင်ပြုန်းငယ်စားတို့ကို စေတော်မူသည်။)Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၁၀)

တရိယင်္ဂမည်သောသင်္ဘောဆိပ်ကား အဘယ်မြို့ကိုဆိုလိုပါသနည်း။

ရေမြေ့ရှင်လျှောက်သည်ဆရာတော်---
အကျွန်းကျွန်း၌ နေကုန်သောကုန်သည်တို့သည် သင်းဘောကူး၍ တကာတော်နိုင်ငံအစွန်းဖြစ်သော တရိယင်္ဂဒီပသို့ သင်းဘောဆိုက်သည်။ တရိယင်္ဂဒီပသင်းဘောဆိပ်သည် ထင်ရှားစွာ ဘယ်ကာလက ဖြစ်သနည်း။ ဘေးတော်သတိုးမင်းဖျားကသည် ၁၉-ဆက်သောမင်းတို့ လက်ထက်တော်၌ ဖြစ်သလော၊ တရိယင်္ဂဒီပဟူသောအမည်သည် အဘယ်ကာလကပင်တွင်သနည်း။ တရိယင်္ဂဒီပအကြောင်းကို သိသာအောင် စာသွင်းတော်မူပါဆရာတော်။ ။

Show/Hide